Embosser Machine နဲ့ ဘာတွေလုပ်လို့ရလဲ
မေးထားလို့လာပြတာပါ
☺️အနည်းငယ် (လျှာရှည်ခွင့်ပြုပါ (sorry) Intro ဝင်ခွင့်ပြုပါ
😄ညီမက မိတ္တူဆိုင်ဖွင့်ထားတာပါ
မိတ္တူနဲ့ဆက်စပ်လုပ်ငန်းတွေထဲမှာ
ဖိတ်စာကို မရှိမဖြစ်အနေပဲ ဆိုင်မှာထားပြီး
လက်ခံဆောင်ရွက်ပေးတာပါ
(ဖိတ်စာကအဓိကIncome မဟုတ်ပါဘူး-ပြောပြတယ်ဆိုတာကလည်း ဘယ်လောက်မြတ်လဲလာလာမေးကြလို့ပါ
😂)အရင်က ဖိတ်စာနဲ့ပက်သက်ပြီး post အနည်းငယ်
တင်ဖူးပါတယ် (ညီမသိသလောက်မျှဝေတဲ့သဘောပါ)
လုပ်နည်းလေးတွေတင်တဲ့အခါ မှားတာလေးတွေလည်းပါခဲ့နိုင်ပါတယ် (နားလည်ပေးကြပါ)
တချို့ဆိုင်စဖွင့်မယ့်သူ နားမလည်ခဲ့သူတွေမေးတဲ့အခါမှာလည်း ဝယ်လို့ရမယ့်ဆိုင်နာမည်တွေ လိပ်စာတွေ အကုန်ဖြေခဲ့ဖူးပါတယ်
သိသလောက် ထပ်ထပ်ပြီး ပို့စ်တွေနဲ့
နည်းလမ်းအနည်းငယ် တင်ပေးပါတယ်
ဆိုင်တစ်ဖက်နဲ့မို့လို့ အားတဲ့အချိန်မှာပဲလေ့လာ/တင်ပေးပါတယ်
Hand Made ဖိတ်စာနဲ့ပက်သက်လို့လည်း
မသိသေးတဲ့အပိုင်းတွေရှိနေပါသေးတယ်
(ဆက်လက်လေ့လာနေပါတယ်
😀)စက်ကိစ္စပြောပါမယ်
ဒီစက်က Made In China ပါ
ညီမက
ဒီစက်ရောင်းတဲ့သူမဟုတ်ပါဘူး
😊
😊ဝယ်တယ်ဆိုတာကလည်း ရှင်းပါတယ်
ဝါသနာပါလို့ပါ (ရင်းနှီးတဲ့သူငယ်ချင်းအသိမိတ်ဆွေ တွေအပ်ရင်လှလှပပ လုပ်ပေးချင်တာလည်းပါပါတယ်)
ဒီစက်ကိုဝယ်မယ်ဆိုတဲ့စိတ်ဆန္ဒရှိခဲ့ရင် တကယ်လိုအပ်မှ ဝယ်စေချင်ပါတယ်
Hand Made ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ
ပေါ်ပင် မဝယ်စေချင်ပါဘူး
တန်ဖိုးအားဖြင့် (၂သိန်းမှ ၅သိန်းအတွင်းငွေမြုပ်ပါတယ်)တစ်နိုင်တပိုင် အနေနဲ့ တွက်ရင် များပါတယ်
ပြန်ရမယ့် ငွေနဲ့တွက်လည်း တကယ်လုပ်နိုင်မှ
ရင်းသင့်ပါတယ် (ဆိုလိုတာ အပင်ပန်းခံနိုင်ရင်ပြောတာပါ)အစောင်ရေများရင်များသလိုအချိန်ကုန်ပါတယ်
လက်ဝင်တယ် ဇက်ကြောတက်ပါတယ်
😂မို(mold) က သပ်သပ်ဝယ်ရတာပါ (၁ခုကို ၃၀၀၀ကနေ၂၀၀၀၀လောက်ထိခန့်မှန်းဈေးပါ)
ကတ်တလောက် ပုံတွေရှိပါတယ် ကြည့်ချင်ရင်
ချက်ဘောက်(စ်)ကနေ လာတောင်းနိုင်ပါတယ်
တကယ်လုပ်ရင်ရောအဆင်ပြေလားဆိုရင်
ပြေပါတယ် (ဝါသနာပါတာကိုး)
😁လှရဲ့လားဆိုရင်တော့ ပုံထဲမှာကြည့်ပါ
ပိစိသေးသေးလေးကအစ ပင်အပ်နဲ့ထိုးပြီး
ဖောက်ထားတာပါ
😁
😁(ကလေးမဟုတ်တော့လည်း ဆော့တယ်လို့ပြောမရဘူးလေ)
😁 ဘယ်လိုကပ်မှာလဲ ဘယ်လို ဖန်တီးရမှာလဲဆိုရင်တော့
စိတ်ကူးရှိသလို ပါပဲ သင်္ချာလို ပုံသေနည်းမှ မရှိတာလေနော်
Google ကနေ ရှာပြီး ဖန်တီးကြည့်ပါ
☺️ခုမှစလုပ်မယ့် အသစ်တွေကို အကြံပေးချင်တာက
အလုပ်တစ်ခုကို ငွေရလိုမှုနဲ့ မစကြပါနဲ့
ဝါသနာ ကိုအရင်းခံပြီး မှ ဝယ်သင့်/ရင်းသင့်ကြောင်း
ပြောချင်ပါတယ်
ဘယ်မှာဝယ်လို့ရလဲဆိုတော့
ရောင်းတဲ့Page တွေရှိပါတယ် လူတွေလည်းရှိပါတယ်
၅နေရာလောက်စုံစမ်းပြီးမှ
ဝယ်ဖို့အကြံပေးချင်ပါတယ်
(ကိုယ်ကတော့ ကပ်စီးနဲတဲ့သူဆိုတော့
သေချာထောက်လှမ်း စုံစမ်းပီး စိတ်ချရတဲ့သူဆီမှာဝယ်လိုက်တယ် )
✌️မိတ္တူလုပ်ငန်းမှာ သုံးနေကြတဲ့
စက်အများစုဟာ Made In China ဖြစ်တဲ့အတွက်
(တရုတ်စက်ကြီးလား ဘာလားဂျီးမများကြပါနဲ့
၁၀၀တန်ဝယ်မိရင် ၁၀၀နဲ့တန်တဲ့ Quality ပဲရမှာပါ)
တရုတ် စက်တွေထဲမှာလည်း အမှန်အကန်လေးတွေပါပါတယ်(ဖုန်းပဲကြည့် mi (Xiao Mi) ဆိုလားပဲ)
ရိုရိုသေသေ တစ်လက်ကိုင် သုံးစွဲကြပါလို့
အကြံပေးချင်ပါတယ်
😁 လက်များရင် စနစ်တကျ မသုံးစွဲတတ်ရင်
MADE in Japan /England /American တွေတောင် ပျက်တတ်ပါတယ်
😁အမှားပါရင် ခွင့်လွှတ်ပါ
☺️

မိုနဲလှည့်ထားတဲ့ Paper Clip Art လေးတွေကလည်းေ ရာင်းဖို့မဟုတ်ပါဘူး
ဝါသနာပါလို့ တမင်ဝယ်ပြီးလုပ်ကြည့်နေတာပါ
😊
သိချင်တာရှိရင်တော့ မေးနိုင်ပါတယ်
သိသလောက်တော့ အကြံဉာဏ်ပေးနိုင်ပါတယ်
ဝါသနာပါလို့ တမင်ဝယ်ပြီးလုပ်ကြည့်နေတာပါ
😊သိချင်တာရှိရင်တော့ မေးနိုင်ပါတယ်
သိသလောက်တော့ အကြံဉာဏ်ပေးနိုင်ပါတယ်
Post by Phyo Sandar Aung




